မျက်ဝန်းမှတဆင့်



မရဲ့အပြုံးလေး
တစ်စိမ့်စိမ့်တွေးရင်း
ဆုံတွေ့ကြတဲ့
နေ့လေးတစ်ချို့
ပြန်မြင်ယောင်တမ်းတမိဆဲပေါ့..။
မရဲ့မျက်လုံး
ချစ်ရိပ်များဖုံးလို့
မောင့်ရဲ့နှလုံး
တဒုန်းဒုန်းနဲ့
ကျန်ရစ်ခဲ့သက်ရူရန်
တမ်းတခဲ့ အဖန်ဖန်
မြှားနတ်မောင်က
အကြောင်းဖန်တော့
မနဲ့ကျွှန်တော်
ချစ်ကြင်ဖော်
တွဲလက်မြဲမြဲ
ချစ်ကြည်ဆဲ
ထာဝရမခွဲ
အမြဲပေါင်းဖက်ရပါစေသား..။
Posted on 6:55 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

အချစ်ကြီးခဲ့သူ


အရှိန်ကြီးစွာရိုက်ခတ်
ပြင်းထန်တဲ့
ချစ်လှိုင်းကယက်
ဖြည်းဖြည်းခြင်းပါသွား
ငါ့ရဲ့နှလုံးသား
လေးနက်တဲ့အချစ်
ဒီရင်မှာကိန်းအောင်းတော့
ငါ့ရဲ့ဘ၀မှာမင်းလောက်
အရေးရောက်သူမရှိခဲ့..။
မင်းသာလျှင် အရှင်
မင်းသာလျှင် သခင်
မင်းသာလျှင် ဘုရင်ပါဘဲ..။
မင်းရဲ့လိုအင်
ဖြည့်ဆည်းချင်
ငါ့အသက်ကိုပင်
ပေးဆပ်ချင်မိပါ၏ .။

Posted on 2:31 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ငါမရှိနိုင်တော့တဲ့တစ်နေ့


အရမ်းချစ်ခဲ့ကြတာလေးတွေ

ရန်ဖြစ်ခဲ့ကြတာလေးတွေ

စိတ်ကောက်ခဲ့ကြဖူးတာလေးတွေ

ပြန်ချော့ခဲ့ကြဖူးတာလေးတွေ

မတွေ့နိုင်ကြတဲ့ အလွမ်းနေ့စွဲလေးတွေ

ပေးခဲ့ကြဖူးတဲ့ အနမ်းလေးတွေ

အကြင်နာအကြည့်လေးတွေ

ညဉ့်နက်တဲ့ထိ ပြောခဲ့ကြတာလေးတွေ

ထားခဲ့ကြတဲ့သံယောစဉ်လေးတွေ

ဆုံနိုင်ခွင့်တွက်ချက်ရတဲ့နေ့စွဲလေးတွေ

လေးတွေများစွာနဲ့တွေးနေကာ

ငေးနေဆဲ ….

မင်းရဲ့အနား

ငါဆိုတာများမရှိနိုင်တဲ့တစ်နေ့မှာ ..

ငါ့ရဲ့ချစ်ခြင်းအပြိုင်လူနဲ့

စစ်မခင်းရအောင်

ငါဘယ်လိုကြံဆောင်နိုင်မလဲနော် …


Posted on 5:57 AM by စက်တင်ဘာကိုကို and filed under | 0 Comments »