လရောင်မဲ့ဘဝ

အဝေးကဘဲ တမ်းတ

မင်းမသိခဲ့ နေ့ည

မွန်းကြပ်စွာ ဖြတ်သန်း

တွယ်ရာမဲ့ ဘ၀မို့

မင်းကို တမ်းတမိတာ

ငါ့အပြစ်လား ………………………………။

နုနယ်တဲ့ နှလုံးသားမို့

ရင်ထဲက ချစ်စကားကို

မင်းသိအောင် ထုတ်ဖော်မပြနိုင်ခဲ့တာ

ငါ့အပြစ်လား ……………………………….။

ဒီရင်မှာ ပြည့်ကြပ်

အဆိပ်တက်ခဲ့ နှလုံးသား

ချစ်တယ်လို့ ပြောထွက်မိတာ

ငါ့အပြစ်လား………………………………။

ဒါပေမယ့်လည်း……………………………

ဖွင့်ထားတဲ့ ငါ့ရင်ခွင်တံခါးက

ပြစ်လွတ်လိုက်တဲ့ အချစ်မြှားဟာ

နေရာလွတ်မရှိတော့တဲ့ မင်းနှလုံးသားဆီကို

ထိုးဖောက်နိုင်စွမ်းမရှိတော့ပါလားကွာ ………….။

မင်းမရှိနိုင်တဲ့ ငါ့ရဲ့ ဘ၀ဟာ

လမင်းရဲ့ အေးမြမှုအလင်းရောင်ကို

ခံစားချင်ပေမယ့် ခံစားပိုင်ခွင့်မရှိခဲ့သူပါ..

မိန်းခလေးရယ် …………………………………….


Posted on 10:20 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

အတိတ်အိမ်မက်ဆီက ဒဏ်ရာငယ်

နာကြည်းချင်းမပါတဲ့

နာကျင်မှုတွေနဲ.အတူ

ကျွန်တော့် ကို သတိရမိတယ် ..

အတိတ်ကိုပြန်ကြည့်ရင် ..

ကျွန်တော့်ရဲ့ မနက်ခင်းတိုင်းဟာ

ကိုတွေ့ရမယ့်မျှော်လင့်ချက်တွေနဲ.

အမြဲတမ်း တက်ကြွှနေခဲ့တယ်ပေါ့ ..

တစ်နာရီလောက် ကိုမမြင်ရရင်တောင်

လွမ်းဆွတ်ချင်း ဗရပွှနဲ.

ရူးသွပ်ခဲ့သူပါ ..

အတိတ်က ဖုန်းမြည်သံတိုင်းဟာလည်း

ရင်ခုန်သံတွေ မြန်စေခဲ့တယ်ပေါ့ ..

အတူဆုံချိန်တိုင်းရဲ့

နာရီတိုင်းကို ချစ်တက်ခဲ့ပေမယ့်

ခွဲခွာချိန်တိုင်းရဲ့

နာရီတိုင်းကို မုန်းခဲ့သူပါ ..

အတိတ်ကရေးစပ်ခဲ့တဲ့

အတွက်ကဗျာတွေမှာ

အချစ်၊ အလွမ်း၊ အနမ်းတွေနဲ့

ပြည့်စုံနေပေမယ့် …

အခုတော့လည်း ……………………
…………………………………………။

တကယ်တော့ကျွန်တော်ဟာ

ကြောင့် အိမ်မက်မက်ခဲ့ဖူးသူပါ ..

အတိတ်ကို ရွှေ.ပြောင်းချင်ပေမယ့်

အတိတ်ဟာ အတိတ်ပါဘဲ ..

အိမ်မက်တခု လိုကျန်ခဲ့ပါပြီ …

ဒီအချိန်မှာ .. ..

စွဲလမ်းတက်သူ ကျွန်တော်ကတော့

အတိတ်ကအိမ်မက်ကလေးကို တမ်းတရင်း

ပြောင်းလဲခဲ့အတွက်

တစ်ကိုယ်တည်း ငိုကြွှေးရအုံးမယ်ပေါ့



Posted on 7:32 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

နှလုံးသားသံစဉ်


မရဲ. အကြည့်ကလေးတစ်ချက်နဲ့တင်

ကျွန်တော့်ရဲ.နှလုံးသားတွေ ဗလောင်ဆူပြီး

အငွေ့ပျံကာ မျှော်လင့်ချက်မိုးတိမ်လေးတွေ ဖြစ်ခဲ့ဘူးတယ်ပေါ့။

မ ကတော့ မိုးရေပေါ်မှာ

လမ်းလျှောက်ရတာကို နှစ်သက်ခဲ့တဲ့သူလေးဆိုတော့

ကျွန်တော်နှလုံးသားရဲ. မျက်ရေတွေကို

စာနာတက်ခဲ့မယ် မထင်ပါဘူး

သာပျော်ရွှင်ခဲ့မယ်ဆိုရင်

ကျွန်တော့်နှလုံးသားက ထာဝရငိုကြွှေးပေးနေမှာပါ…

ကာရန်မဲ့ သံစဉ်တစ်ပုဒ်လို ငိုကြွေးခဲ့တော့လည်း

ရဲ့ လျစ်လျှူရှုမှုကို

အပြစ်မဆိုရက်ပါဘူး…

ဒီဘ၀မှာ နှလုံးသားသံစဉ်လေး

ကာရန်မညီနှိုင်ခဲ့ပေမယ့်

နောင်ဘ၀ဆိုတာသာ ရှိခဲ့မယ်ဆိုရင်

ကျွန်တော့်ရဲ့နှလုံးသား သံစဉ်လေး

ကာရန်ညီ ပါရစေတော့ဗျာ …



Posted on 6:42 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

ကျွန်တော့်အကြောင်း

Blogဆိုတာနဲ့တော့ရင်းနှီးတာမကြာသေးပါဘူး။ကျွန်တော်Blogရေးချင်တဲ့ရည်ရွယ်ချက်ကတော့ထွေထွေထူးထူးတော့ မဟုတ်ဘူးပေါ့ဗျာ။ရင်ထဲ့ကခံစားချက်ကလေးတချို့ကိုကျွန်တော့်သူငယ်ချင်းလေးတွေအပျင်းပြေဖတ်ရှုလို့ရနိုင်အောင်ပေါ့ဗျာ။ သူများတွေလောက်အရေးအသားကောင်းချင်မှကောင်းနိုင်ပါလိမ့်မယ်ဒါပေမယ့်ခံစားချက်ကလေးတစုံတရာတူခဲ့မယ်ဆိုရင်တော့ များများစားစားမဟုတ်တောင်အနည်းအကျဉ်းလေးတော့နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဝါသနာတူညီတဲ့ သူငယ်ချင်းများကိုလည်းအမြဲလေးစားလျှက်ပါ။ကျွန်တော့်မှာလိုအပ်ချက်လေးများရှိခဲ့ရင်မည်သူမဆိုဝင်ရောက်အကြံပေးကြပါ ခင်ဗျာ။


Posted on 11:47 AM by စက်တင်ဘာကိုကို and filed under | 2 Comments »