မောင့်ချစ်သက်သေ ထူလို့နေ


တို့နှစ်ယောက်လျှောက်လှမ်း
ဒီခရီးလှမ်း ကြမ်းချင်ကြမ်း
ရမ်းချင်ရမ်း
အမြဲတမ်း မခွဲစတမ်း
ရှိပြီးသားပါ မေ ..

တို့တွေကျော်ဖြတ်
ဒီတစ်သက်
တွဲလက်တွေလည်း
မဖြုတ်ကြေးနော်

တို့တွေကြုံတွေ့
ဘ၀တစ်ကွေ့
ထားရှိသစ္စာ
တည်စေသား ….။။

ဓူဝံကြယ်ကိုဆွပ်ခူး
ပင်လယ်ပြင်ကို
လက်ပစ်ကူး
မောင့်ချစ်သက်သေ
ထူလို့နေ

ရှေးကစာသား
မေ့လို့ထား
ခုပြောစကား
အလေးထား

တို့တွေတွေ့ကြုံ့
ဒုက္ခအစုံ
ဒီရင်ကိုကော့
ခေါင်းကိုမော့
မေလက်ကိုကိုင်
မောင်ရင်ဆိုင်လို့
ပြေးတွေ့ပါမယ် ချစ်သူ …..။


Posted on 11:54 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: