ခြွေချခံသစ်ရွှက်
မွှဲခြောက်ခြောက်
ဂေါက်တောက်တောက်နဲ့
ခြေတောက်ဗလာ
လမ်းလျှောက်ကာ
ဟိုတွေးဒီတွေး
ဟိုငေးဒီငေး
အထင်အမြင်သေး
ဘာရယ်ညာရယ်
ငါမသိတော့ဘူး
ငါကိုယ်ငါမသိ
စိတ်နဲ့ကိုယ်မကပ်
အတွေးနက်
အချစ် ငတ် ဓါတ်ပျက်
အဆက်တွေလည်း ပျက်ခဲ့ကြပြီ ။
မွှဲခြောက်ခြောက်
ဂေါက်တောက်တောက်နဲ့
ခြေတောက်ဗလာ
လမ်းလျှောက်ကာ
ဟိုတွေးဒီတွေး
ဟိုငေးဒီငေး
အထင်အမြင်သေး
ဘာရယ်ညာရယ်
ငါမသိတော့ဘူး
ငါကိုယ်ငါမသိ
စိတ်နဲ့ကိုယ်မကပ်
အတွေးနက်
အချစ် ငတ် ဓါတ်ပျက်
အဆက်တွေလည်း ပျက်ခဲ့ကြပြီ ။



အရမ်းချစ်ခဲ့ကြတာလေးတွေ
ရန်ဖြစ်ခဲ့ကြတာလေးတွေ
စိတ်ကောက်ခဲ့ကြဖူးတာလေးတွေ
ပြန်ချော့ခဲ့ကြဖူးတာလေးတွေ
မတွေ့နိုင်ကြတဲ့ အလွမ်းနေ့စွဲလေးတွေ
ပေးခဲ့ကြဖူးတဲ့ အနမ်းလေးတွေ
အကြင်နာအကြည့်လေးတွေ
ညဉ့်နက်တဲ့ထိ ပြောခဲ့ကြတာလေးတွေ
ထားခဲ့ကြတဲ့သံယောစဉ်လေးတွေ
ဆုံနိုင်ခွင့်တွက်ချက်ရတဲ့နေ့စွဲလေးတွေ
လေးတွေများစွာနဲ့တွေးနေကာ
ငေးနေဆဲ ….
မင်းရဲ့အနား
ငါဆိုတာများမရှိနိုင်တဲ့တစ်နေ့မှာ ..
ငါ့ရဲ့ချစ်ခြင်းအပြိုင်လူနဲ့
စစ်မခင်းရအောင်
ငါဘယ်လိုကြံဆောင်နိုင်မလဲနော် …

နှလုံးသားဆီမှ ယိုဖိတ်ကျ
တစိမ့်စိမ့်နဲ့ နာကျင်တယ်..။
သွေးမဲ့တဲ့ ဒီဒဏ်ရာ
ရင်မှာစူးနစ်
မူးရစ်လို့ တမ်းတဆဲ..။
သွေးပျက်ခြောက်ခြား
င့ါဘ၀ရဲ့ အိပ်မက်ဆိုးများ
ရည်မှန်းချက် မရှိ
မျှော်လင့်ချက်ပျောက်ဆုံး
ငါ့ဘ၀တောင် အဆုံးသတ်လိုက်ချင်ရဲ့..။
ငါ့ဘက်က အရှုးအမှုး
မထူးဆန်းတဲ့ မင်းရဲ့အဖြစ်
မာယာဓါးချက်နဲ့ ထိုးနှက်တော့
ဒဏ်ချက်တွေလည်းများခဲ့ပြီပေါ့ ..။
ပြောသမျှ အကုန်ယုံ
ချုံငုံကာ ပြောရရင်
အစွန်းရောက်တဲ့ ငါ့ရဲ့အချစ်
ဘ၀နှစ်ခါချစ်ခဲ့တော့
ရင်နှင့်အောင်ခံစား
အရှုံးတွေလည်းများ
အမုန်းတွေလည်း ပေးသနားတော့
အခြေမခိုင် လှဲပြိုကျ
ငါ့ဘ၀ကလည်း ခါးသီးလေရဲ့ ..။
♥~♥ စက်တင်ဘာကိုကိုရဲ့ နှလုံးသားသံစဉ် ♥~♥ © 2008 by ♥~♥ စက်တင်ဘာကိုကိုရဲ့ နှလုံးသားသံစဉ် ♥~♥ | Designed by Design Blog | Blogger Template by ThemeLib.com