ခေါင်းစဉ်ပျောက်အလွမ်း




မွန်းကြပ်တဲ့အခန်းကျဉ်းထဲက
ခေါင်းစဉ်ပျောက်ကာရန်၁ပုဒ်
တိတ်ဆိတ်တဲ့ညကိုဖြိုခွင်း
ကြယ်တာရာတွေမထွန်းလင်း
လမင်းကလည်းရှောင်ကွယ်ပုန်း
တစ်အုံးအုံးနဲ့ထစ်ချုံးရွှာ
ရင်ထဲက အလွမ်းထု
စည်တော်ကြီးထုစရာမလို
အလိုလိုသာထကြွှ
ဆိုးဝါးတဲ့ငါ့ဘ၀.....
တမ်းတသူ၁ယောက်တည်း
အဝေးအရပ်ဆီက
ကျေးငှက်ကိုအကူအညီတောင်းလို့ရရင်
တမ်းတမိတဲ့ဒီအလွမ်း...
မင်းသာသယ်နိုင်မယ်ဆိုရင်
လေယာဉ်တစ်စီးစာလောက်
ခဏသယ်သွားပေးပါလားကွာ...
Posted on 1:19 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: