သွေးမဲ့ဒဏ်ရာ


နှလုံးသားဆီမှ ယိုဖိတ်ကျ
တစိမ့်စိမ့်နဲ့ နာကျင်တယ်..။
သွေးမဲ့တဲ့ ဒီဒဏ်ရာ
ရင်မှာစူးနစ်
မူးရစ်လို့ တမ်းတဆဲ..။
သွေးပျက်ခြောက်ခြား
င့ါဘ၀ရဲ့ အိပ်မက်ဆိုးများ
ရည်မှန်းချက် မရှိ
မျှော်လင့်ချက်ပျောက်ဆုံး
ငါ့ဘ၀တောင် အဆုံးသတ်လိုက်ချင်ရဲ့..။
ငါ့ဘက်က အရှုးအမှုး
မထူးဆန်းတဲ့ မင်းရဲ့အဖြစ်
မာယာဓါးချက်နဲ့ ထိုးနှက်တော့
ဒဏ်ချက်တွေလည်းများခဲ့ပြီပေါ့ ..။
ပြောသမျှ အကုန်ယုံ
ချုံငုံကာ ပြောရရင်
အစွန်းရောက်တဲ့ ငါ့ရဲ့အချစ်
ဘ၀နှစ်ခါချစ်ခဲ့တော့
ရင်နှင့်အောင်ခံစား
အရှုံးတွေလည်းများ
အမုန်းတွေလည်း ပေးသနားတော့
အခြေမခိုင် လှဲပြိုကျ
ငါ့ဘ၀ကလည်း ခါးသီးလေရဲ့ ..။

Posted on 4:53 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

1 ယောက်ကဒီလိုပြောတယ်။:

Apprenticeship said... @ May 2, 2008 at 4:08 PM

Chittat like dar naw.. A sin pyae bar zae naw..