အချစ်မက်တဲ့ နှလုံးသားနဲ့ အချစ်ပျက်ခဲ့ နှလုံးသား


ဖျော့တော့တော့ အပြုံး
လက်လျှော့လို့ ငါမမုန်း
ထင်နေဆဲ ပုံရိပ်ယောင်
သန်းခေါင်ယံတောင်ကိုယ်ထင်ပြ
ရုပ်လုံးပေါ်တဲ့ မင်းရဲ့အလှ..။
နွှဲ့နှောင်းတဲ့ လှမ်းလျှောက်ဟန်
အဖန်ဖန် ရှောင်ရန်မရ
ကြည့်မ၀တဲ့ မင်းကိုယ်လုံး
ငါဘယ်လိုမုန်းနိုင်မှာလဲနော်
အလှတွေသရဖူဆောင်း
ဘ၀တွေအလီလီပြောင်းခဲ့တော့
သိပ်ချစ်ရတဲ့မင်းတစ်ယောက်
ဘ၀ဆိုတဲ့ တိုက်ပွဲအောက်
ဒူးထောက်လို့ အရှုံးပေးဘူးလေရဲ့ ..။
ပြည့်စုံမှုမရှိတဲ့ ရင်ခွင်တစ်စုံ
ခုံမင်စွာတက်မက် လွမ်းတက်တဲ့
မိန်းမထဲမှာ မပါခဲ့မှန်းငါသိလိုက်တယ် ..။
အချစ်နဲ့သစ္စာတရား
လက်ဝယ်မှာထား
ဤကမ္ဘာမြေထု သက်သေပြုလို့
အော်လိုက်ချင်တယ်
ဘ၀ဆိုတဲ့ တိုက်ပွဲအောက်
ဘယ်တော့မှ ဒူးမထောက်ဘူးကွ…။

Posted on 6:01 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: