အေးစက်ခဲ့ပြီ

အိပ်ပျော်နေတဲ့
ငါ့နှလုံးသား
လှုပ်နိုးလို့
သွားပြီးမှ
ပြန်အိပ်လို့ခိုင်းမှာလား ..။
မင်းရဲ့လုပ်ရပ်
အဆုံးမသတ်
လွတ်လပ်စွာ
မချစ်တက်ခဲ့ဘူး ..။
ငါ့ရဲ့ချစ်သူ
အပြစ်မယူ
လျှစ်လျှူလည်း
မရှုနိုင်ခဲ့ဘူး ..။
ငါဘယ်လိုကြိုးစား
အလေးမထားတဲ့
မင်းရဲ့အကျင့်
ဖယ်ဖျောက်ဖို့လည်း
ငါမလုပ်နိုင်ခဲ့ဘူး ..။
နည်းအမျိုးမျိုးနဲ့ထိုးနှက်
ငါ့နှလုံးသားတောင်
အေးစက်ကုန်ရဲ့ ॥။
0 ယောက်ကဒီလိုပြောတယ်။:
Post a Comment