တောင်းဆိုမှု

မချစ်နိုင်ခဲ့ရင်တောင်
မမုန်းလိုက်ပါနဲ့ ။
အနားမှာနေခွင့်မပေးရင်တောင်
အဝေးကိုတော့ထွက်မပြေးပါနဲ့ ။
မလွမ်းခဲ့ရင်တောင်
ငါ့ရဲ့အလွမ်းတွေကို မလှောင်ပြောင်ပါနဲ့။
ငါ့ရဲ့ရင်ခုန်သံကို ခံစားလို့မရခဲ့ရင်တောင်
အခြားတစ်ယောက်ကိုအစားမထိုးခိုင်းပါနဲ့ ။
မင်းရဲ့ချစ်သူဖြစ်ခွင့်မရခဲ့ရင်တောင်
မင်းအနားမှာပေးဆပ်သူ
မင်းအပေါ်နားလည်ပေးနိုင်သူ
တစ်ယောက်အဖြစ် မြင်နေခွင့်လေးတော့
ပေးသနားတော်မှုလှည့်ပါကွာ ။
Posted on 4:57 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

1 ယောက်ကဒီလိုပြောတယ်။:

ဖြိုးငယ် said... @ February 19, 2009 at 6:26 AM

ပေးမှာပါကွာ ...
မင်းဒီလောက် .... နေတာပဲ ..