ပုံရိပ်ယောင်အချစ်

အချစ်ဦးဆိုတာ..
အသားမစားဖူးတဲ့သူ၁ယောက်က
ပထမဆုံးအကြိမ်စားရသလိုပါဘဲ
သူကလွဲပြီးဘယ်အသားမှ ကောင်းတယ်မထင်။
ဒုတိယချစ်သူ..
ဒုတိယအသားကိုစားရတော့
ပထမအသားလောက်တော့ မချိုမြိန်နိုင်ပေမယ့်
အရသာတော့ တစ်မျိုးထူးနေသလိုပါဘဲ ။
အချစ်ဆုံးဆိုတာ ..
အကြိုက်ဆုံးဟင်း၁ခွက်လိုပါဘဲ
အခြားဟင်းတွေနဲ့နှိုင်းယှဉ်လိုက်ရင်
သူကိုဘဲရွှေးချယ်ပြီးစားမယ့် ဟင်းလျှာလိုပါဘဲ..။
အချစ်ဆုံးရဲ့နောက်ကချစ်သူ..
ငတ်ပြတ်နေတဲ့သူ၁ယောက်မှာ
ဘာမှစားစရာမရှိခဲ့ရင် ဒီ၁ခုဘဲရှိနေရင်
ဒါဘဲစားမိမှာပါဘဲ ...


တကယ်တမ်းကျတော့တကယ့်အချစ်စစ်လို့ထင်ရပေမယ့်ပြောင်းလဲနေတဲ့အချစ်တွေလည်းအများကြီးပါဘဲဗျာ။
အချစ်ဟာပုံရိပ်ယောင်၁ခုအနေနဲ့လူတိုင်းရဲ့နှလုံးသားထဲကိုဝင်ရောက်နိုင်ပါတယ်။ပုံရိပ်ယောင်ဆိုကတည်းက
ပုံရိပ်လောက်တော့အတိုင်းအတာအရွှယ်အစားရှိနိုင်တာပါဘဲ။ခံစားချက်လည်းတူညီနိုင်တယ်..လွမ်းတာတွေ
လည်းရှိနိုင်တယ်။ပျော်ရွှင်စေနိုင်တယ်.အာလုံးဟာအချစ်လို့ထင်ထားတဲ့ခံစားမှုအားလုံးခံစားနိုင်ပါလိမ့်မယ်
ကျွှန်တော်လက်ခံထားတဲ့တကယ့်အချစ်စစ်ကတော့ပြောင်းလဲမှုမရှိပါဘူး ။သူ၁ယောက်ကိုဘဲဒီ၁သက်မှာ
ချစ်နေသင့်တယ်လို့ထင်ပါတယ်။အဲလိုမှမဟုတ်ခဲ့ရင်ပုံရိပ်ယောင်အချစ်လိုပါဘဲ..အချစ်လို့ထင်ပြီးနောက်
တစ်ယောက်ကိုလည်းထပ်ချစ်သွားတာပါဘဲ॥အဲလိုမျိုးကအချစ်ကရောတကယ့်အချစ်လား?ကျွှန်တော်ကတော့
ပုံရိပ်ယောင်အချစ်လို့ဘဲသတ်မှတ်လိုက်ချင်တယ်ဗျာ။လူတိုင်းမှာတော့သိပ်ချစ်ရတဲ့သူ၁ယောက်တော့ရှိတက်စ
မြဲပါ။အချို့ကအချစ်ဦးဟာအချစ်ဆုံးဖြစ်သလို။အချို့ကျတော့လည်းအချစ်ဆုံးကိုသာအချစ်ဆုံးပါပေါ့ ။ဒီလိုပါဘဲ
ပြောနေကြတဲ့အချစ်တွေ။လူတိုင်းချစ်နေကြတဲ့အချစ်တွေ။ဘယ်အချစ်တွေဟာမှန်ကန်ပါသလဲ။ဘယ်အချစ်ဟာ
အရသာရှိပါသလဲ?အချို့ကပေးဆပ်အချစ်ကို သဘောကျကျသလို ။အချို့ကျတော့လည်း ပိုင်ဆိုင်ခွင့်ရှိတဲ့အ
ချစ်မျိုးဖြစ်ချင်တယ်ပေါ့။ဘယ်လိုအချစ်မျိုးနဲ့ဘဲချစ်ခဲ့ချစ်ခဲ့ပါဗျာအဓိကကတော့ကျွှန်တော်အထင်ပေါ့ဗျာ။ကိုယ်
ချစ်မိတဲ့သူတိုင်းအပေါ်မှာရိုးသားသင့်ပါတယ်ဗျာ။ကိုယ်ဘက်ကတော့ရိုးရိုးသားသားချစ်သင့်တယ်လို့ထင်ပါတယ်။
အချို့အချို့သောသူများကျတော့၂ယောက်၃ယောက်လောက်ကိုပြိုင်တူထားတက်ကြတယ်ဗျ။ဘယ်လိုဘဲဖြစ်ဖြစ်
ပါအချစ်စစ်ဘဲဖြစ်ဖြစ်ပုံရိပ်ယောင်ဆန်တဲ့အချစ်မျိုးဘဲဖြစ်ဖြစ်အချစ်အပေါ်မှာတော့သစ္စာရှိသင့်တယ်လို့ထင်ပါ
တယ်ဗျာ။ဘာလို့လည်းဆိုတော့၁ယောက်ပြီးမှနောက်၁ယောက်ကိုချစ်တာမျိုးဘဲဖြစ်သင့်တယ်လေ။အချို့သူ
ူတွေကျတော့အချစ်ကိုဘယ်လိုခံစားနေကြသလဲတော့မသိဘူးဗျ।။၂ယောက်၃ယောက်ကို၁ပြိုင်တည်းချစ်တာ
ကျတော့တကယ့်အချစ်စစ်ဖြစ်နိုင်ပါ့မလားဗျာ।။ချစ်သူတွေခွဲခွာချိန်ဟာသိပ်ကိုခံစားကြရပါတယ်ဗျာ။အချစ်
ကြောင့်တိုးတက်သူတွေရှိသလိုအချစ်ကြောင့်ဘ၀ပျက်သွားရတဲ့သူတွေလည်းအများကြီးပါ။ဒါကြောင့်၁ဘက်
်သားကိုမခံစားစေရတဲ့အချစ်မျိုးနဲ့ ချစ်ပေးကြဖို့ လူတိုင်းကိုအကြံပြုချင်ပါတယ်။ဘ၀မှာချစ်ဖူးသူတိုင်းကိုယ်ချင်း
စာနာစိတ်ဖြင့်တစ်ဘက်သားကိုယ့်အပေါ်ချစ်ခင်မြတ်နိုးသူအားမထိခိုက်အောင်ချစ်ခြင်းမျိုးဖြင့် ချစ်ပေးနိုင်
ကြပါစေလို့ဆိုတောင်းပြုရင်းပုံရိပ်ယောင်အချစ်Topicလေးအားအဆုံးသတ်လိုက်ပါတယ်ဗျာ။ချစ်ကြသူတိုင်း ပေါင်းဆုံနိုင်ကြပါစေ..။





Posted on 8:00 AM by စက်တင်ဘာကိုကို and filed under | 4 Comments »

4 ယောက်ကဒီလိုပြောတယ်။:

ဖြိုးငယ် said... @ February 20, 2009 at 1:52 PM

ဟုတ်နေပါလား .. အချစ်နဲ့ဟင်းတစ်ခွက် ..
အချစ်ဆုံးဆိုတာ ကြက်ဥကြော်ပဲဖြစ်နေဦးမယ် ..:P

မမသီရိ said... @ February 23, 2009 at 6:48 PM

စိတ်ကူလေး ကောင်းတယ်ကွ..

ချာချာ said... @ February 24, 2009 at 4:09 AM

အစ်ကိုရေ
ဒီပို့စ်လေးက ခံစားချက် တစ်ခုကို နက်ရှိုင်စွာရေးထားလေသလားတော့မသိဘူး ...
ရင်ထဲမှာ နက်ရှိုင်းစွာ ခံစားမိတာတော့ အမှန်ဘဲ
ဘာဘဲဖြစ်ဖြစ်ပါ
ညှိုနှိုင်းဆွေးနွေးလို့ရသော ချစ်သူ ...
ကိုယ့်ကိုနားလည်ပေးနိုင်မယ့်ချစ်သူ
အလိုက်သိသောချစ်သူ ကို ပိုင်ဆိုင်နိုင်သော သူ တစ်ယောက် ဖြစ်ပါစေလို့ တောင်းဆုချွေလျက်
အားပေးနေမယ့်
ချာချာ

စန္ဒကူး said... @ February 25, 2009 at 12:39 AM

ဘုတ်ဒေါရေ.. ကြောက်စရာကြီးပါလားနော်..း(