လရောင်မဲ့ဘဝ

အဝေးကဘဲ တမ်းတ

မင်းမသိခဲ့ နေ့ည

မွန်းကြပ်စွာ ဖြတ်သန်း

တွယ်ရာမဲ့ ဘ၀မို့

မင်းကို တမ်းတမိတာ

ငါ့အပြစ်လား ………………………………။

နုနယ်တဲ့ နှလုံးသားမို့

ရင်ထဲက ချစ်စကားကို

မင်းသိအောင် ထုတ်ဖော်မပြနိုင်ခဲ့တာ

ငါ့အပြစ်လား ……………………………….။

ဒီရင်မှာ ပြည့်ကြပ်

အဆိပ်တက်ခဲ့ နှလုံးသား

ချစ်တယ်လို့ ပြောထွက်မိတာ

ငါ့အပြစ်လား………………………………။

ဒါပေမယ့်လည်း……………………………

ဖွင့်ထားတဲ့ ငါ့ရင်ခွင်တံခါးက

ပြစ်လွတ်လိုက်တဲ့ အချစ်မြှားဟာ

နေရာလွတ်မရှိတော့တဲ့ မင်းနှလုံးသားဆီကို

ထိုးဖောက်နိုင်စွမ်းမရှိတော့ပါလားကွာ ………….။

မင်းမရှိနိုင်တဲ့ ငါ့ရဲ့ ဘ၀ဟာ

လမင်းရဲ့ အေးမြမှုအလင်းရောင်ကို

ခံစားချင်ပေမယ့် ခံစားပိုင်ခွင့်မရှိခဲ့သူပါ..

မိန်းခလေးရယ် …………………………………….


Posted on 10:20 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: