နှလုံးသားသံစဉ်

မရဲ. အကြည့်ကလေးတစ်ချက်နဲ့တင်
ကျွန်တော့်ရဲ.နှလုံးသားတွေ ဗလောင်ဆူပြီး
အငွေ့ပျံကာ မျှော်လင့်ချက်မိုးတိမ်လေးတွေ ဖြစ်ခဲ့ဘူးတယ်ပေါ့။
မ ကတော့ မိုးရေပေါ်မှာ
လမ်းလျှောက်ရတာကို နှစ်သက်ခဲ့တဲ့သူလေးဆိုတော့
ကျွန်တော်နှလုံးသားရဲ. မျက်ရေတွေကို
စာနာတက်ခဲ့မယ် မထင်ပါဘူး
မ သာပျော်ရွှင်ခဲ့မယ်ဆိုရင်
ကျွန်တော့်နှလုံးသားက ထာဝရငိုကြွှေးပေးနေမှာပါ…
ကာရန်မဲ့ သံစဉ်တစ်ပုဒ်လို ငိုကြွေးခဲ့တော့လည်း
မ ရဲ့ လျစ်လျှူရှုမှုကို
အပြစ်မဆိုရက်ပါဘူး…
ဒီဘ၀မှာ နှလုံးသားသံစဉ်လေး
ကာရန်မညီနှိုင်ခဲ့ပေမယ့်
နောင်ဘ၀ဆိုတာသာ ရှိခဲ့မယ်ဆိုရင်
ကျွန်တော့်ရဲ့နှလုံးသား သံစဉ်လေး
ကာရန်ညီ ပါရစေတော့ဗျာ …
0 ယောက်ကဒီလိုပြောတယ်။:
Post a Comment