ကန့်လန့်ကာလေးတချက်

မမရယ် ..

အရမ်းလွမ်းတာဘဲကွာ ..

မှန်းဆ တမ်းတကာ လွမ်းရတဲ့ ဘဝ

အနေဝေးလို့ စိမ်းကားလို့သွားမှာလား

မဆုံနိုင်တဲ့ နေရက်တွေကို ကျော်လွှား

အပြေးလေးသွားလို့ မောနေလားလို့

မေးနိုင်မှာလား

စက္ကန့်မလပ်တမ်းတနေတာ

လွမ်းတာထက်စာရင်

မဆုံနိုင်သေးတဲ့ မမရှိတဲ့အရပ်ဆီ

အပြေးလာတာကမှသက်သာမယ် ထင်ပါ့ရဲ့ ..

မဆုံနိုင်တဲ့ နေရက်တွေက တို့နှစ်ယောက်ကြား

ဘာကြောင့်များ ကန့်လန့်ကာခြားနေသလဲနော်




Posted on 8:12 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: