အလွမ်းသမား

လွမ်းဆွတ်မှု ဆိုတာကို

ဂစ်တာတစ်လုံးထဲ ထည့်သိပ်

သီချင်းရေး ကဗျာစပ်လိုက်တော့

Alarm clock ကထအော်တယ်

တီတီ .. တီတီ … တဲ့ ..

ဖြစ်သလိုနေတက်ခဲ့ပေမယ့်

မမတစ်ယောက်ကို

ဖြစ်သလိုမချစ်ခဲ့တော့

ညဆိုတာမေ့ထားပြီး

ကာရန်တွေသီကုံးလိုက်တော့

မမအတွက်ဆိုတဲ့

ကဗျာတွေ သီချင်းတွေလည်း

များခဲ့ပြီပေါ့

အရင်ချိန်တွေက

ကဗျာတွေ စာတွေနဲ့

အဝေးကြီးရဲ့ အခြားတစ်ဖတ်

ရပ်တည်ခဲ့တဲ့ မောင်တစ်ယောက်

လွမ်းဆွတ်ခြင်းအရသာအောက်

မောင်ဒူးထောက်ခဲ့ရပြီပေါ့ ….

ရင်ထဲကဝေဒနာ

ဖြေမစာတော့လည်း

စာရွတ်တွေပေါ် မှင်တွေနဲ့ပေါင်းစပ်

ကဗျာတွေရေးစပ် နေခဲ့တာလည်း

မမကြောင့်ပေါ့

ကာရန်ဆိုတာမသိ

နဘေဆိုတာမရှိ

ခံစားချက်ဘဲရှိခဲ့တော့

ရေးစပ်ရတာ Morden ပေါ့နော်

ဒါတွေကိုခဏထား

အလွမ်းအဆွေး သမားမို့

အတွေးထဲ အမြဲရောက်

ခေါက်လို့တော့မထားခဲ့ပါနဲ့နော်



Posted on 8:16 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: