ပေးဆပ်ခြင်း

လောကကြီးမှာ ကျွန်တော်ထင်တာပေါ့ဗျာ …

ချစ်ခြင်းတရားတွေ အများကြီးရှိနေမယ်လို့

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ

အဲဒီတော့ ချစ်ခြင်းတရားမှမဟုတ်ပါဘူး..

အရာရာအားလုံး ကွဲပြားတာတွေများသလို

တူညီတာတွေလဲ များပြားနိုင်ပါတယ် ..

ချစ်ခြင်းတရားမှာ ကျွန်တော်သိသလောက်ဆိုရင်

ရယူ့ခြင်း

ပိုင်ဆိုင်ခြင်း

ပေးဆပ်ခြင်း

ပေါ့ဗျာ ………………………………

ကျွန်တော်ဘ၀နဲ့ တွေဆုံခဲ့ရတာကတော့ ပေးဆပ်ချစ်ပေါ့ဗျာ။

အဲဒီလိုအချစ်မျိုး အတွက်နောင်တရသလားလို့ ကျွန်တော်ကိုမေးလာရင်

ကျွန်တော်နောင်တမရသလို ထာဝရလည်း ကြေနပ်နေမှာပါ ………..
ကျွန်တော် သူမကို အရမ်းချစ်ခဲ့ပါတယ် …..

အဝေးကဘဲ သူမကို ကျွန်တော်မြင်ရရင် ကြေနပ်နေခဲ့တာ ကျွန်တော်ဘ၀ပေါ့ ..

ဘာရယ်တော့ မဟုတ်ခဲ့ပါဘူး ..

သူမပျော်ရင် ကျွန်တော်ပျော်တယ် ..

သူမငိုရင် ကျွန်တော်ငိုချင်တယ်..

သူမစိတ်ညစ်ရင် ကျွန်တော်လည်းညစ်တယ် ..

သူမထက်နှစ်ဆလောက် ပိုပြီးခံစားနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့ရင်

ယုံနိုင်ကြပါမလားတော့မသိပါဘူး …

တကယ်ကိုခံစားခဲ့ရပါတယ် …

နောက်ဆုံးတော့ သူမအတွက် သူမပျော်ရွှင်ဖို့

ကျွန်တော်ထက်အဆ တစ်ရာမက သာလွန်တဲ့

တစ်ယောက်သောသူရဲ့ ရင်ခွင်ကို ချဉ်းကပ်သွားတဲ့

သူမကို ကျွန်တော် ဘယ်လိုအင်အားမျိုးနဲ့ တားနိုင်မလဲဗျာ။

သူမရဲ့ဘေးမှာ သူမကိုဖြည့်ဆည်းပေးခွင့်မရရှိတော့တဲ့ ..

နောက်ဆုံးတနေ့မှာတော့

ကျွန်တော် သူမရဲ့ အဝေးဆုံးကိုပြေးထွက်ခဲ့ပါတယ်။

အဝေးကဘဲ သူမကိုတမ်းတနေတာဟာ

သူမဘ၀အတွက် အကောင်းဆုံးဖြစ်မှာပါ …………………….


Posted on 7:01 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: