တိတ်တဆိတ်တုံးခေါက်သံ

ရင်ထဲဖြစ်လာဝေဒနာကို

မြင်လာသိနိုး မျှော်လင့်ကိုးလျှက်

လက်ချိုးတွက်ရေ ပင့်သက်ရှည်ချ

လွမ်းနေညများ များခဲ့ပြီ ။။

ချစ်ရမက် နှိပ်စက်တော့

အိပ်စက်ဖို့ ကြံကာမရ

ထာဝရ ပွေ့ဖက်လို့

ချစ်ရဟတ်ထဲကိုသာ

ပြေးလို့သာ ၀င်လိုက်ချင်တော့တယ်။။

စိတ်တို့အတွေး

ပြေးလိုက်ကာ မမှီတယ်

လေယာဉ်နဲ့ပြိုင်ကာမောင်းလို့

မင်းဆီကိုဘယ်သူအရင်ရောက်မလဲ

ချစ်လို့လွမ်းတာလား

လွမ်းလို့ဘဲ ချစ်တာလား

ချစ်လို့ဘဲ လွမ်းလွမ်း

လွမ်းလို့ဘဲချစ်ချစ်

အချိန်တန်ရင်တော့

ရင်ထဲကချစ်စကား

ဖွင့်ဟလို့ ကြားခဲ့ရင်

င့ါအချစ်ကို လက်ခံပေးပါ ..

ဦးနှောက်ထဲ

အစဉ်ရောက်

တုံးခေါက်ကာ အော်လိုက်ချင်တယ်

နင့်ကိုငါချစ်တယ် ..


Posted on 2:21 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

1 ယောက်ကဒီလိုပြောတယ်။:

ဟန်လင်းကျော် said... @ April 25, 2008 at 12:07 PM

အကိုလည်း တုံးခေါက်ပြီး ပြောလိုက်ချင်တယ် ညီလေးရေ... တုံးခေါက်ပြီး ၅ မိနစ် ကွင်းထဲမှာ တန်းစီမယ်.. ဟဲ.. ဟဲ...