အတွေးကမ္ဘာ


အိပ်ရာကထ သတိရတာမင်း
ဆက်လက်ငါလွမ်း
အလွမ်းတွေနဲ့ပြည့်နက်
တစ်နေကုန် နေကုန်လို့ငါလွမ်းဆဲ
မပြီးဆုံးတဲ့လွမ်းချင်းများ
ရစ်မူးနေဆဲ လွမ်းရိပ်ချုံ
ပုံးခိုစရာ နေရာမရှိ
အသိသတိတွေလှစ်ဟင်း
ပျော်ရွှင်စရာ အနာဂါတ်
တည်ဆောက်ခဲ့ ချစ်အိမ်ငယ်
အချစ်ကို ပျဉ်ပြားခင်း
မေတ္တာနဲ့သံမှိုရိုက်
သံယောစဉ်နဲ့ ဆေးသုတ်
သာယာတဲ့မူအတိနဲ့ အလှဆင်
နားလည်မှုနဲ့ ခြံခတ်လိုက်တော့
တို့နှစ်ယောက်ရဲ့ ချစ်အိမ်ငယ်
ဘယ်သူတွေနဲ့ နှိုင်းယှဉ်နိုင်မလဲနော် ॥။
ကြည်နူးမှုအတွေးဝယ်

နေ့ညတွေပြောင်းလဲ
မပြောင်းလဲခဲ့ ချစ်ခြင်းများ
အော် ငါ့ဘ၀ကလည်း
အတွေးတွေနဲ့ဘဲ တည်ဆောက်နေရပါလားနော် ..။

Posted on 11:23 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

0 ယောက်ကဒီလိုပြောတယ်။: