ချစ်ရဲ့အဝေး


ဖြူဖြူဖွေးဖွေး နှင်းပွင့်လေး
ပင်ယံထက်မှာ တွဲလွှဲခို
ရေစိုစိုလမ်းထက်မှာ
လျှောက်လှမ်းခဲ့အခါခါ
အဖြူရောင်သစ်ရွတ်တွေကြား
မောင်လျှောက်သွား
အပြင်မှာအေး
ရင်မှာနွေးလို့
တမ်းတကာလွမ်းဆဲ..။
မရဲ့အဝေး တနယ်တကြေး
အမြဲဆွေးလို့ လွမ်းရပါဘိ ။
အေးမြမြဒီရာသီ
အလီလီမြန်မြန်ပြောင်း
ချစ်ရိပ်ဆီခိုကာအောင်း
ဆုတောင်းခဲ့မိအခါခါ
ဘယ်အခါများမှ
ပေါင်းရမှာပါလိမ့်နော် ..။

Posted on 11:34 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

1 ယောက်ကဒီလိုပြောတယ်။:

စိုးထက် - Soe Htet ! said... @ April 26, 2008 at 12:35 AM

မြန်မြန် နီးစပ် ပေါင်းရ ပါစေ ဗျာ :P