လူငယ်တစ်ယောက်ရဲ့သိသင့်သိအပ်သော အချက်ကလေးတစ်ချို့ (ကျွှန်တော်အထင်အမြင်)

၁။ စာဖတ်တဲ့လူနဲ့ စာမဖတ်တဲ့လူ လုံးလ၀ီရိယချင်း တူရင်စာဖတ်တဲ့ လူကသာလွန်တယ် ။ ဒါကြောင့် အားလပ်တဲ့ အချိန်တိုင်း စာဖတ်ဖို့ကြိုးစားပါ။
၂။လူတွေရဲ့ ကောင်းကွက်တွေကို ချီးမွမ်းဖို့မမေ့ပါနှင့်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှ လိုရာပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာ ဖြစ်တယ် ။
၃။ ငွေကြေးရဲ့တန်ဖိုးကို သိအောင်လုပ်ပါ ။ ငွေကိုဖြုန်းတီးဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။
ငွေဟာတစ်ပြားပင် ရှိစေကာမူတန်ဖိုးရှိပါတယ် ။
ငွေကို ရနိုင်သလောက်စုပါ ။ ငွေကို စုပြီး သူဌေး မဖြစ်နိုင်ပေမယ့်
အလုပ်လုပ်ဖို့အတွက် အရင်းအနှီး ရနိုင်ပါတယ်။။
၎။ အသစ်တီထွင်နိုင်ဖို့ ကြိုးစားပါ။ ကြိုးစားအောင်မြင်ဖို့အတွက်
လမ်းရိုးကြီးက ဖောက်ထွက်နိုင်ဖို့ အရေးကြီးတယ် ။
အသစ်မတီထွင်နိုင်တဲ့ အလုပ်ဟာ ကျဆုံးမှုနဲ့ ရင်ဆိုင်ရတက်တယ် ။
၅။ အလုပ်ကို ရိုးရိုးသားသားလုပ်ပါ။ သူတစ်ပါးကို ကလိန်ကျဖို့
ဘယ်တော့မှ မကြိုးစားပါနဲ့။ ကမ္ဘာလောကကြီးမှာ ကလိန်ကျတဲ့သူ
ကြီးပွားတိုးတက်တာ တဒင်္ဂပါ ။
၆။ စေတနာ သန့်သန့်လေးထားပြီး အလုပ်လုပ်တဲ့ အကျင့်ကိုမွေးမြူပါ ။
ဒုက္ခရောက်နေသူကို အကူအညီပေးပါ။ ရေနစ်သူကို ၀ါးကူထိုးတဲ့ အပြုအမှုမျိုးကို ဘယ်တော့မှ မလုပ်မိပါစေနဲ့ ။
၇။ အောင်မြင်မှုရဲ့လျှိုဝှက်ချက်ဟာ ကျွမ်းကျင်မှုပါဘဲ ။ ကိုယ်လုပ်တဲ့
အလုပ်မှာ အကျွမ်းကျင်ဆုံးဖြစ်အောင် ကြိုးစားပါ။ ကျဆုံးရတဲ့ အကြောင်းအရင်းက အလုပ်မှာကျွမ်းကျင်မှုမရှိလို့ပါဘဲ။
၈။ အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါ ။တာဝန်ကျေ ဘယ်တော့မှမလုပ်ပါနဲ့ ။
၉။ အလုပ်ကို မည်မျှကြိုးစားပန်းစား လုပ်ကိုင်စေကာမူ အခက်အခဲနှင့် တွေ့ကြုံနိုင်ပါသည် ။ အရေးအကြီးဆုံး လျှိုဝှက်ချက်ဟာ စိတ်ဓါတ်မကျပါနှင့်


Posted on 2:23 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

တိတ်တဆိတ်တုံးခေါက်သံ

ရင်ထဲဖြစ်လာဝေဒနာကို

မြင်လာသိနိုး မျှော်လင့်ကိုးလျှက်

လက်ချိုးတွက်ရေ ပင့်သက်ရှည်ချ

လွမ်းနေညများ များခဲ့ပြီ ။။

ချစ်ရမက် နှိပ်စက်တော့

အိပ်စက်ဖို့ ကြံကာမရ

ထာဝရ ပွေ့ဖက်လို့

ချစ်ရဟတ်ထဲကိုသာ

ပြေးလို့သာ ၀င်လိုက်ချင်တော့တယ်။။

စိတ်တို့အတွေး

ပြေးလိုက်ကာ မမှီတယ်

လေယာဉ်နဲ့ပြိုင်ကာမောင်းလို့

မင်းဆီကိုဘယ်သူအရင်ရောက်မလဲ

ချစ်လို့လွမ်းတာလား

လွမ်းလို့ဘဲ ချစ်တာလား

ချစ်လို့ဘဲ လွမ်းလွမ်း

လွမ်းလို့ဘဲချစ်ချစ်

အချိန်တန်ရင်တော့

ရင်ထဲကချစ်စကား

ဖွင့်ဟလို့ ကြားခဲ့ရင်

င့ါအချစ်ကို လက်ခံပေးပါ ..

ဦးနှောက်ထဲ

အစဉ်ရောက်

တုံးခေါက်ကာ အော်လိုက်ချင်တယ်

နင့်ကိုငါချစ်တယ် ..


Posted on 2:21 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

အလွမ်းသမား

လွမ်းဆွတ်မှု ဆိုတာကို

ဂစ်တာတစ်လုံးထဲ ထည့်သိပ်

သီချင်းရေး ကဗျာစပ်လိုက်တော့

Alarm clock ကထအော်တယ်

တီတီ .. တီတီ … တဲ့ ..

ဖြစ်သလိုနေတက်ခဲ့ပေမယ့်

မမတစ်ယောက်ကို

ဖြစ်သလိုမချစ်ခဲ့တော့

ညဆိုတာမေ့ထားပြီး

ကာရန်တွေသီကုံးလိုက်တော့

မမအတွက်ဆိုတဲ့

ကဗျာတွေ သီချင်းတွေလည်း

များခဲ့ပြီပေါ့

အရင်ချိန်တွေက

ကဗျာတွေ စာတွေနဲ့

အဝေးကြီးရဲ့ အခြားတစ်ဖတ်

ရပ်တည်ခဲ့တဲ့ မောင်တစ်ယောက်

လွမ်းဆွတ်ခြင်းအရသာအောက်

မောင်ဒူးထောက်ခဲ့ရပြီပေါ့ ….

ရင်ထဲကဝေဒနာ

ဖြေမစာတော့လည်း

စာရွတ်တွေပေါ် မှင်တွေနဲ့ပေါင်းစပ်

ကဗျာတွေရေးစပ် နေခဲ့တာလည်း

မမကြောင့်ပေါ့

ကာရန်ဆိုတာမသိ

နဘေဆိုတာမရှိ

ခံစားချက်ဘဲရှိခဲ့တော့

ရေးစပ်ရတာ Morden ပေါ့နော်

ဒါတွေကိုခဏထား

အလွမ်းအဆွေး သမားမို့

အတွေးထဲ အမြဲရောက်

ခေါက်လို့တော့မထားခဲ့ပါနဲ့နော်



Posted on 8:16 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ကန့်လန့်ကာလေးတချက်

မမရယ် ..

အရမ်းလွမ်းတာဘဲကွာ ..

မှန်းဆ တမ်းတကာ လွမ်းရတဲ့ ဘဝ

အနေဝေးလို့ စိမ်းကားလို့သွားမှာလား

မဆုံနိုင်တဲ့ နေရက်တွေကို ကျော်လွှား

အပြေးလေးသွားလို့ မောနေလားလို့

မေးနိုင်မှာလား

စက္ကန့်မလပ်တမ်းတနေတာ

လွမ်းတာထက်စာရင်

မဆုံနိုင်သေးတဲ့ မမရှိတဲ့အရပ်ဆီ

အပြေးလာတာကမှသက်သာမယ် ထင်ပါ့ရဲ့ ..

မဆုံနိုင်တဲ့ နေရက်တွေက တို့နှစ်ယောက်ကြား

ဘာကြောင့်များ ကန့်လန့်ကာခြားနေသလဲနော်




Posted on 8:12 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ပေးဆပ်ခြင်း

လောကကြီးမှာ ကျွန်တော်ထင်တာပေါ့ဗျာ …

ချစ်ခြင်းတရားတွေ အများကြီးရှိနေမယ်လို့

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ

အဲဒီတော့ ချစ်ခြင်းတရားမှမဟုတ်ပါဘူး..

အရာရာအားလုံး ကွဲပြားတာတွေများသလို

တူညီတာတွေလဲ များပြားနိုင်ပါတယ် ..

ချစ်ခြင်းတရားမှာ ကျွန်တော်သိသလောက်ဆိုရင်

ရယူ့ခြင်း

ပိုင်ဆိုင်ခြင်း

ပေးဆပ်ခြင်း

ပေါ့ဗျာ ………………………………

ကျွန်တော်ဘ၀နဲ့ တွေဆုံခဲ့ရတာကတော့ ပေးဆပ်ချစ်ပေါ့ဗျာ။

အဲဒီလိုအချစ်မျိုး အတွက်နောင်တရသလားလို့ ကျွန်တော်ကိုမေးလာရင်

ကျွန်တော်နောင်တမရသလို ထာဝရလည်း ကြေနပ်နေမှာပါ ………..
ကျွန်တော် သူမကို အရမ်းချစ်ခဲ့ပါတယ် …..

အဝေးကဘဲ သူမကို ကျွန်တော်မြင်ရရင် ကြေနပ်နေခဲ့တာ ကျွန်တော်ဘ၀ပေါ့ ..

ဘာရယ်တော့ မဟုတ်ခဲ့ပါဘူး ..

သူမပျော်ရင် ကျွန်တော်ပျော်တယ် ..

သူမငိုရင် ကျွန်တော်ငိုချင်တယ်..

သူမစိတ်ညစ်ရင် ကျွန်တော်လည်းညစ်တယ် ..

သူမထက်နှစ်ဆလောက် ပိုပြီးခံစားနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့ရင်

ယုံနိုင်ကြပါမလားတော့မသိပါဘူး …

တကယ်ကိုခံစားခဲ့ရပါတယ် …

နောက်ဆုံးတော့ သူမအတွက် သူမပျော်ရွှင်ဖို့

ကျွန်တော်ထက်အဆ တစ်ရာမက သာလွန်တဲ့

တစ်ယောက်သောသူရဲ့ ရင်ခွင်ကို ချဉ်းကပ်သွားတဲ့

သူမကို ကျွန်တော် ဘယ်လိုအင်အားမျိုးနဲ့ တားနိုင်မလဲဗျာ။

သူမရဲ့ဘေးမှာ သူမကိုဖြည့်ဆည်းပေးခွင့်မရရှိတော့တဲ့ ..

နောက်ဆုံးတနေ့မှာတော့

ကျွန်တော် သူမရဲ့ အဝေးဆုံးကိုပြေးထွက်ခဲ့ပါတယ်။

အဝေးကဘဲ သူမကိုတမ်းတနေတာဟာ

သူမဘ၀အတွက် အကောင်းဆုံးဖြစ်မှာပါ …………………….


Posted on 7:01 AM by စက်တင်ဘာကိုကို and filed under | 0 Comments »