ချစ်ရဲ့အဝေး


ဖြူဖြူဖွေးဖွေး နှင်းပွင့်လေး
ပင်ယံထက်မှာ တွဲလွှဲခို
ရေစိုစိုလမ်းထက်မှာ
လျှောက်လှမ်းခဲ့အခါခါ
အဖြူရောင်သစ်ရွတ်တွေကြား
မောင်လျှောက်သွား
အပြင်မှာအေး
ရင်မှာနွေးလို့
တမ်းတကာလွမ်းဆဲ..။
မရဲ့အဝေး တနယ်တကြေး
အမြဲဆွေးလို့ လွမ်းရပါဘိ ။
အေးမြမြဒီရာသီ
အလီလီမြန်မြန်ပြောင်း
ချစ်ရိပ်ဆီခိုကာအောင်း
ဆုတောင်းခဲ့မိအခါခါ
ဘယ်အခါများမှ
ပေါင်းရမှာပါလိမ့်နော် ..။

Posted on 11:34 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

အတွေးကမ္ဘာ


အိပ်ရာကထ သတိရတာမင်း
ဆက်လက်ငါလွမ်း
အလွမ်းတွေနဲ့ပြည့်နက်
တစ်နေကုန် နေကုန်လို့ငါလွမ်းဆဲ
မပြီးဆုံးတဲ့လွမ်းချင်းများ
ရစ်မူးနေဆဲ လွမ်းရိပ်ချုံ
ပုံးခိုစရာ နေရာမရှိ
အသိသတိတွေလှစ်ဟင်း
ပျော်ရွှင်စရာ အနာဂါတ်
တည်ဆောက်ခဲ့ ချစ်အိမ်ငယ်
အချစ်ကို ပျဉ်ပြားခင်း
မေတ္တာနဲ့သံမှိုရိုက်
သံယောစဉ်နဲ့ ဆေးသုတ်
သာယာတဲ့မူအတိနဲ့ အလှဆင်
နားလည်မှုနဲ့ ခြံခတ်လိုက်တော့
တို့နှစ်ယောက်ရဲ့ ချစ်အိမ်ငယ်
ဘယ်သူတွေနဲ့ နှိုင်းယှဉ်နိုင်မလဲနော် ॥။
ကြည်နူးမှုအတွေးဝယ်

နေ့ညတွေပြောင်းလဲ
မပြောင်းလဲခဲ့ ချစ်ခြင်းများ
အော် ငါ့ဘ၀ကလည်း
အတွေးတွေနဲ့ဘဲ တည်ဆောက်နေရပါလားနော် ..။

Posted on 11:23 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ပေးဆပ်ပန်း


ပန်းဆိုတာ အရှုံးပေးခြင်းလား
တစ်စုံတစ်ခုကိုတောင်းဆိုခြင်းလား
အချစ်ကိုစတင်ခြင်းလား
လူနှစ်ယောက်ရဲ့ခင်မင်မှုကိုစတင်ခြင်းလား
ဘယ်လိုတွေအဓိပ္ပါယ်ရှိနေပါစေ
ငါပေးတဲ့ပန်းကတော့
ပေးဆပ်ခြင်းပန်းတစ်ပွင့်တဲ့ ..

Posted on 11:16 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

မောင့်ချစ်သက်သေ ထူလို့နေ


တို့နှစ်ယောက်လျှောက်လှမ်း
ဒီခရီးလှမ်း ကြမ်းချင်ကြမ်း
ရမ်းချင်ရမ်း
အမြဲတမ်း မခွဲစတမ်း
ရှိပြီးသားပါ မေ ..

တို့တွေကျော်ဖြတ်
ဒီတစ်သက်
တွဲလက်တွေလည်း
မဖြုတ်ကြေးနော်

တို့တွေကြုံတွေ့
ဘ၀တစ်ကွေ့
ထားရှိသစ္စာ
တည်စေသား ….။။

ဓူဝံကြယ်ကိုဆွပ်ခူး
ပင်လယ်ပြင်ကို
လက်ပစ်ကူး
မောင့်ချစ်သက်သေ
ထူလို့နေ

ရှေးကစာသား
မေ့လို့ထား
ခုပြောစကား
အလေးထား

တို့တွေတွေ့ကြုံ့
ဒုက္ခအစုံ
ဒီရင်ကိုကော့
ခေါင်းကိုမော့
မေလက်ကိုကိုင်
မောင်ရင်ဆိုင်လို့
ပြေးတွေ့ပါမယ် ချစ်သူ …..။


Posted on 11:54 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

သိစေချင်တယ်ချစ်သူရယ်


အချိန်တိုင်းတမ်းတ
လွမ်းရတဲ့ဘဝ
မောင်မကြေနပ်ဘူး….ချစ်သူ

တစ်နယ်တစ်ကြေးအနေဝေးလို့
လွမ်းရဆွေးရ
ဝတ်ဒုက္ခ
ဘယ်လိုကျော်ဖြတ်
မောင်မနေတက်ဘူး….ချစ်သူ

ဘ၀ကံကြမ္မာ
ဖန်ကာလာ
ရှောင်ကာကွယ်ပုံး
မောင်မမုန်းရက်ဘူး…ချစ်သူ

သဘောမတိုက်
ဤအခိုက်
နာကြင်စကား
ပြောသော်ငြားလည်း
မောင်မမေ့နိုင်ဘူး…ချစ်သူ

နှောင်ဖွဲ့ချစ်ကြိုး
ရစ်ကာထိုး
ခရီးဆိုးလည်း
ဖြတ်ကျော်ရဲတယ်….ချစ်သူ

ချစ်ချစ်စိတ်ဆိုး
ခြေနေဆိုးလို့
သံသယ၀င်
ချစ်ခြင်းတွင်
ဒီရင်ကိုခွဲ
အသဲကိုလည်း
ဆွဲထုတ်ရဲတယ်….ချစ်သူ


Posted on 6:04 AM by စက်တင်ဘာကိုကို and filed under | 0 Comments »