ခေါင်းစဉ်ပျောက်အလွမ်း




မွန်းကြပ်တဲ့အခန်းကျဉ်းထဲက
ခေါင်းစဉ်ပျောက်ကာရန်၁ပုဒ်
တိတ်ဆိတ်တဲ့ညကိုဖြိုခွင်း
ကြယ်တာရာတွေမထွန်းလင်း
လမင်းကလည်းရှောင်ကွယ်ပုန်း
တစ်အုံးအုံးနဲ့ထစ်ချုံးရွှာ
ရင်ထဲက အလွမ်းထု
စည်တော်ကြီးထုစရာမလို
အလိုလိုသာထကြွှ
ဆိုးဝါးတဲ့ငါ့ဘ၀.....
တမ်းတသူ၁ယောက်တည်း
အဝေးအရပ်ဆီက
ကျေးငှက်ကိုအကူအညီတောင်းလို့ရရင်
တမ်းတမိတဲ့ဒီအလွမ်း...
မင်းသာသယ်နိုင်မယ်ဆိုရင်
လေယာဉ်တစ်စီးစာလောက်
ခဏသယ်သွားပေးပါလားကွာ...
Posted on 1:19 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

ပုံရိပ်ယောင်အချစ်

အချစ်ဦးဆိုတာ..
အသားမစားဖူးတဲ့သူ၁ယောက်က
ပထမဆုံးအကြိမ်စားရသလိုပါဘဲ
သူကလွဲပြီးဘယ်အသားမှ ကောင်းတယ်မထင်။
ဒုတိယချစ်သူ..
ဒုတိယအသားကိုစားရတော့
ပထမအသားလောက်တော့ မချိုမြိန်နိုင်ပေမယ့်
အရသာတော့ တစ်မျိုးထူးနေသလိုပါဘဲ ။
အချစ်ဆုံးဆိုတာ ..
အကြိုက်ဆုံးဟင်း၁ခွက်လိုပါဘဲ
အခြားဟင်းတွေနဲ့နှိုင်းယှဉ်လိုက်ရင်
သူကိုဘဲရွှေးချယ်ပြီးစားမယ့် ဟင်းလျှာလိုပါဘဲ..။
အချစ်ဆုံးရဲ့နောက်ကချစ်သူ..
ငတ်ပြတ်နေတဲ့သူ၁ယောက်မှာ
ဘာမှစားစရာမရှိခဲ့ရင် ဒီ၁ခုဘဲရှိနေရင်
ဒါဘဲစားမိမှာပါဘဲ ...


တကယ်တမ်းကျတော့တကယ့်အချစ်စစ်လို့ထင်ရပေမယ့်ပြောင်းလဲနေတဲ့အချစ်တွေလည်းအများကြီးပါဘဲဗျာ။
အချစ်ဟာပုံရိပ်ယောင်၁ခုအနေနဲ့လူတိုင်းရဲ့နှလုံးသားထဲကိုဝင်ရောက်နိုင်ပါတယ်။ပုံရိပ်ယောင်ဆိုကတည်းက
ပုံရိပ်လောက်တော့အတိုင်းအတာအရွှယ်အစားရှိနိုင်တာပါဘဲ။ခံစားချက်လည်းတူညီနိုင်တယ်..လွမ်းတာတွေ
လည်းရှိနိုင်တယ်။ပျော်ရွှင်စေနိုင်တယ်.အာလုံးဟာအချစ်လို့ထင်ထားတဲ့ခံစားမှုအားလုံးခံစားနိုင်ပါလိမ့်မယ်
ကျွှန်တော်လက်ခံထားတဲ့တကယ့်အချစ်စစ်ကတော့ပြောင်းလဲမှုမရှိပါဘူး ။သူ၁ယောက်ကိုဘဲဒီ၁သက်မှာ
ချစ်နေသင့်တယ်လို့ထင်ပါတယ်။အဲလိုမှမဟုတ်ခဲ့ရင်ပုံရိပ်ယောင်အချစ်လိုပါဘဲ..အချစ်လို့ထင်ပြီးနောက်
တစ်ယောက်ကိုလည်းထပ်ချစ်သွားတာပါဘဲ॥အဲလိုမျိုးကအချစ်ကရောတကယ့်အချစ်လား?ကျွှန်တော်ကတော့
ပုံရိပ်ယောင်အချစ်လို့ဘဲသတ်မှတ်လိုက်ချင်တယ်ဗျာ။လူတိုင်းမှာတော့သိပ်ချစ်ရတဲ့သူ၁ယောက်တော့ရှိတက်စ
မြဲပါ။အချို့ကအချစ်ဦးဟာအချစ်ဆုံးဖြစ်သလို။အချို့ကျတော့လည်းအချစ်ဆုံးကိုသာအချစ်ဆုံးပါပေါ့ ။ဒီလိုပါဘဲ
ပြောနေကြတဲ့အချစ်တွေ။လူတိုင်းချစ်နေကြတဲ့အချစ်တွေ။ဘယ်အချစ်တွေဟာမှန်ကန်ပါသလဲ။ဘယ်အချစ်ဟာ
အရသာရှိပါသလဲ?အချို့ကပေးဆပ်အချစ်ကို သဘောကျကျသလို ။အချို့ကျတော့လည်း ပိုင်ဆိုင်ခွင့်ရှိတဲ့အ
ချစ်မျိုးဖြစ်ချင်တယ်ပေါ့။ဘယ်လိုအချစ်မျိုးနဲ့ဘဲချစ်ခဲ့ချစ်ခဲ့ပါဗျာအဓိကကတော့ကျွှန်တော်အထင်ပေါ့ဗျာ။ကိုယ်
ချစ်မိတဲ့သူတိုင်းအပေါ်မှာရိုးသားသင့်ပါတယ်ဗျာ။ကိုယ်ဘက်ကတော့ရိုးရိုးသားသားချစ်သင့်တယ်လို့ထင်ပါတယ်။
အချို့အချို့သောသူများကျတော့၂ယောက်၃ယောက်လောက်ကိုပြိုင်တူထားတက်ကြတယ်ဗျ။ဘယ်လိုဘဲဖြစ်ဖြစ်
ပါအချစ်စစ်ဘဲဖြစ်ဖြစ်ပုံရိပ်ယောင်ဆန်တဲ့အချစ်မျိုးဘဲဖြစ်ဖြစ်အချစ်အပေါ်မှာတော့သစ္စာရှိသင့်တယ်လို့ထင်ပါ
တယ်ဗျာ။ဘာလို့လည်းဆိုတော့၁ယောက်ပြီးမှနောက်၁ယောက်ကိုချစ်တာမျိုးဘဲဖြစ်သင့်တယ်လေ။အချို့သူ
ူတွေကျတော့အချစ်ကိုဘယ်လိုခံစားနေကြသလဲတော့မသိဘူးဗျ।။၂ယောက်၃ယောက်ကို၁ပြိုင်တည်းချစ်တာ
ကျတော့တကယ့်အချစ်စစ်ဖြစ်နိုင်ပါ့မလားဗျာ।။ချစ်သူတွေခွဲခွာချိန်ဟာသိပ်ကိုခံစားကြရပါတယ်ဗျာ။အချစ်
ကြောင့်တိုးတက်သူတွေရှိသလိုအချစ်ကြောင့်ဘ၀ပျက်သွားရတဲ့သူတွေလည်းအများကြီးပါ။ဒါကြောင့်၁ဘက်
်သားကိုမခံစားစေရတဲ့အချစ်မျိုးနဲ့ ချစ်ပေးကြဖို့ လူတိုင်းကိုအကြံပြုချင်ပါတယ်။ဘ၀မှာချစ်ဖူးသူတိုင်းကိုယ်ချင်း
စာနာစိတ်ဖြင့်တစ်ဘက်သားကိုယ့်အပေါ်ချစ်ခင်မြတ်နိုးသူအားမထိခိုက်အောင်ချစ်ခြင်းမျိုးဖြင့် ချစ်ပေးနိုင်
ကြပါစေလို့ဆိုတောင်းပြုရင်းပုံရိပ်ယောင်အချစ်Topicလေးအားအဆုံးသတ်လိုက်ပါတယ်ဗျာ။ချစ်ကြသူတိုင်း ပေါင်းဆုံနိုင်ကြပါစေ..။





Posted on 8:00 AM by စက်တင်ဘာကိုကို and filed under | 4 Comments »

တောင်းဆိုမှု

မချစ်နိုင်ခဲ့ရင်တောင်
မမုန်းလိုက်ပါနဲ့ ။
အနားမှာနေခွင့်မပေးရင်တောင်
အဝေးကိုတော့ထွက်မပြေးပါနဲ့ ။
မလွမ်းခဲ့ရင်တောင်
ငါ့ရဲ့အလွမ်းတွေကို မလှောင်ပြောင်ပါနဲ့။
ငါ့ရဲ့ရင်ခုန်သံကို ခံစားလို့မရခဲ့ရင်တောင်
အခြားတစ်ယောက်ကိုအစားမထိုးခိုင်းပါနဲ့ ။
မင်းရဲ့ချစ်သူဖြစ်ခွင့်မရခဲ့ရင်တောင်
မင်းအနားမှာပေးဆပ်သူ
မင်းအပေါ်နားလည်ပေးနိုင်သူ
တစ်ယောက်အဖြစ် မြင်နေခွင့်လေးတော့
ပေးသနားတော်မှုလှည့်ပါကွာ ။
Posted on 4:57 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

ပြောင်းလဲမှု



ဖြစ်သလိုနေတက်တဲ့ငါ
လုပ်ချင်ရာလုပ်တက်တဲ့ငါ
သွားချင်ရာသွားတက်တဲ့ငါ
ပျော်ပျော်နေတက်တဲ့ငါ
တစ်ခါတစ်လေမှုးတက်တဲ့ငါ
လွတ်လပ်မှုကိုကြိုက်တဲ့ငါ
ဆေးလိပ်ကိုသိပ်ကြိုက်တဲ့ငါ
အခုတော့လည်း
ငါဟာငါမဟုတ်တော့တာ
သေချာတာတော့
ရင်ထဲကအချစ်
ဆူးနစ်ပြီးနွင်မရ
တသသနဲ့လွမ်း
မရမကအနမ်းတွေကြောင့်
မင်းလေးအပေါ်မှုးရစ်
အရှုးဖြစ်သွားလည်း
ကိုကျေနပ်နေပါ့မယ်။
Posted on 5:43 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

နှလုံးသားအမိန့်လွှာ


နှလုံးသားရဲ့တံခါးမှူး

မာယာတွေယစ်မှုးလို့

အိပ်ငိုက်ခါလှဲလှောင်း

ငါ့ရင်ထဲမင်းအကြောင်း

ဘယ်အချိန်က

စတယ်မသိ

ထိမိစွာညှိတွယ် ခဲ့ရပြီ …။

နှလုံးသားရဲ့တံခါးပေါက်

ငါမသိအောင်ဝင်ရောက်

အရှိန်ကြီးကြီးနဲ့ထိုးဖောက်တော့

အနက်ရှိုင်းဆုံးနေရာ

မင်းအတွက်သာ ဖြစ်ခဲ့တာပေါ့ …။

အိပ်ငိုက်တာ လန့်နိုး

သူခိုး …သူခိုးလို့

ထအော်တော့မှ

အချစ်တံခါးကိုအမြန်ပိတ်

တဒိတ်ဒိတ်နဲ့မြည်နေခဲ့ပြီလေ ..။

နှလုံးသားကပုံရိပ်ဖမ်း

ဖမ်းဝရန်းထုတ်ခဲ့တာလည်း

မင်းတစ်လျှောက်ထဲတဲ့

နှလုံးသားဆိုတဲ့ အရှင်

အရှင်သာမရှိခဲ့ရင်

အသက်ရှုရပ်

ငါ့အသက်ထွက်တော့မှာမို့

အရှင်အမိန့်ကိုနာခံ

ဖမ်းဝရန်းကိုပြ

မင်းအချစ်ကို ရပါရစေတော့ကွာ …။


Posted on 2:34 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

အေးစက်ခဲ့ပြီ


အိပ်ပျော်နေတဲ့

ငါ့နှလုံးသား

လှုပ်နိုးလို့

သွားပြီးမှ

ပြန်အိပ်လို့ခိုင်းမှာလား ..။

မင်းရဲ့လုပ်ရပ်

အဆုံးမသတ်

လွတ်လပ်စွာ

မချစ်တက်ခဲ့ဘူး ..။

ငါ့ရဲ့ချစ်သူ

အပြစ်မယူ

လျှစ်လျှူလည်း

မရှုနိုင်ခဲ့ဘူး ..။

ငါဘယ်လိုကြိုးစား

အလေးမထားတဲ့

မင်းရဲ့အကျင့်

ဖယ်ဖျောက်ဖို့လည်း

ငါမလုပ်နိုင်ခဲ့ဘူး ..။

နည်းအမျိုးမျိုးနဲ့ထိုးနှက်

ငါ့နှလုံးသားတောင်

အေးစက်ကုန်ရဲ့ ॥။


Posted on 12:41 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

လုပ်ရက်တယ် … သူရယ် ။


စကားတွေများ

တို့နှစ်ယောက်အကြား

ဘယ်လိုအမှားတွေများ

ဝင်ရောက်နေခဲ့လဲ သူရယ်။

အချင်းမများ

အမုန်းမပွားဘဲ

ပျော်ရွှင်စွာတည်ဆောက်

ခြောက်တောက်တောက်

နေ့တွေလည်းမရှိခဲ့ကြပါဘူး … သူရယ်။

အပြစ်မဆို

မင်းရဲ့အလို

ဖြည့်ဆည်းပေးထား

အလေးမထားတော့

ငါ့အမှားလို့ဘဲ

ယူဆတော့မယ် သူရယ် ။

သည်းခံကာခွင့်လွှတ်

ရင်နာနာနဲ့စွန့်လွှတ်ဖို့တောင်

အကြိမ်ကြိမ်တွေးတော

ငေးမောခဲ့တဲ့ ညပေါင်း

အခါ တစ်သောင်းမကတော့ဘူး ..သူရယ်။

မြင်နိုင်လျှင်ကြည့်

Heart ထိခဲ့တာလည်း

မနည်းတော့ပါဘူး

ရင်ထဲမှာဗြောင်းသတ်

အကြောင်းမဲ့သက်သက်

ငါမပြောခဲ့ဘူး … သူရယ်။

အခုတော့

အရာအားလုံးဟာ

စားပေါ့တဲ့

ဟင်းတစ်ခွက်လို

မင်းငါ့အပေါ်

ပေါ့ပျက်ပျက်

လုပ်ရက်သွားတာလား … သူရယ်။


Posted on 12:26 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

ခြွေချခံသစ်ရွှက်

မွှဲခြောက်ခြောက်

ဂေါက်တောက်တောက်နဲ့

ခြေတောက်ဗလာ

လမ်းလျှောက်ကာ

ဟိုတွေးဒီတွေး

ဟိုငေးဒီငေး

အထင်အမြင်သေး

ဘာရယ်ညာရယ်

ငါမသိတော့ဘူး

ငါကိုယ်ငါမသိ

စိတ်နဲ့ကိုယ်မကပ်

အတွေးနက်

အချစ် ငတ် ဓါတ်ပျက်

အဆက်တွေလည်း ပျက်ခဲ့ကြပြီ ။


Posted on 12:02 PM by စက်တင်ဘာကိုကို and filed under | 0 Comments »

မျက်ဝန်းမှတဆင့်



မရဲ့အပြုံးလေး
တစ်စိမ့်စိမ့်တွေးရင်း
ဆုံတွေ့ကြတဲ့
နေ့လေးတစ်ချို့
ပြန်မြင်ယောင်တမ်းတမိဆဲပေါ့..။
မရဲ့မျက်လုံး
ချစ်ရိပ်များဖုံးလို့
မောင့်ရဲ့နှလုံး
တဒုန်းဒုန်းနဲ့
ကျန်ရစ်ခဲ့သက်ရူရန်
တမ်းတခဲ့ အဖန်ဖန်
မြှားနတ်မောင်က
အကြောင်းဖန်တော့
မနဲ့ကျွှန်တော်
ချစ်ကြင်ဖော်
တွဲလက်မြဲမြဲ
ချစ်ကြည်ဆဲ
ထာဝရမခွဲ
အမြဲပေါင်းဖက်ရပါစေသား..။
Posted on 6:55 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

အချစ်ကြီးခဲ့သူ


အရှိန်ကြီးစွာရိုက်ခတ်
ပြင်းထန်တဲ့
ချစ်လှိုင်းကယက်
ဖြည်းဖြည်းခြင်းပါသွား
ငါ့ရဲ့နှလုံးသား
လေးနက်တဲ့အချစ်
ဒီရင်မှာကိန်းအောင်းတော့
ငါ့ရဲ့ဘ၀မှာမင်းလောက်
အရေးရောက်သူမရှိခဲ့..။
မင်းသာလျှင် အရှင်
မင်းသာလျှင် သခင်
မင်းသာလျှင် ဘုရင်ပါဘဲ..။
မင်းရဲ့လိုအင်
ဖြည့်ဆည်းချင်
ငါ့အသက်ကိုပင်
ပေးဆပ်ချင်မိပါ၏ .။

Posted on 2:31 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ငါမရှိနိုင်တော့တဲ့တစ်နေ့


အရမ်းချစ်ခဲ့ကြတာလေးတွေ

ရန်ဖြစ်ခဲ့ကြတာလေးတွေ

စိတ်ကောက်ခဲ့ကြဖူးတာလေးတွေ

ပြန်ချော့ခဲ့ကြဖူးတာလေးတွေ

မတွေ့နိုင်ကြတဲ့ အလွမ်းနေ့စွဲလေးတွေ

ပေးခဲ့ကြဖူးတဲ့ အနမ်းလေးတွေ

အကြင်နာအကြည့်လေးတွေ

ညဉ့်နက်တဲ့ထိ ပြောခဲ့ကြတာလေးတွေ

ထားခဲ့ကြတဲ့သံယောစဉ်လေးတွေ

ဆုံနိုင်ခွင့်တွက်ချက်ရတဲ့နေ့စွဲလေးတွေ

လေးတွေများစွာနဲ့တွေးနေကာ

ငေးနေဆဲ ….

မင်းရဲ့အနား

ငါဆိုတာများမရှိနိုင်တဲ့တစ်နေ့မှာ ..

ငါ့ရဲ့ချစ်ခြင်းအပြိုင်လူနဲ့

စစ်မခင်းရအောင်

ငါဘယ်လိုကြံဆောင်နိုင်မလဲနော် …


Posted on 5:57 AM by စက်တင်ဘာကိုကို and filed under | 0 Comments »