အချစ်မက်တဲ့ နှလုံးသားနဲ့ အချစ်ပျက်ခဲ့ နှလုံးသား


ဖျော့တော့တော့ အပြုံး
လက်လျှော့လို့ ငါမမုန်း
ထင်နေဆဲ ပုံရိပ်ယောင်
သန်းခေါင်ယံတောင်ကိုယ်ထင်ပြ
ရုပ်လုံးပေါ်တဲ့ မင်းရဲ့အလှ..။
နွှဲ့နှောင်းတဲ့ လှမ်းလျှောက်ဟန်
အဖန်ဖန် ရှောင်ရန်မရ
ကြည့်မ၀တဲ့ မင်းကိုယ်လုံး
ငါဘယ်လိုမုန်းနိုင်မှာလဲနော်
အလှတွေသရဖူဆောင်း
ဘ၀တွေအလီလီပြောင်းခဲ့တော့
သိပ်ချစ်ရတဲ့မင်းတစ်ယောက်
ဘ၀ဆိုတဲ့ တိုက်ပွဲအောက်
ဒူးထောက်လို့ အရှုံးပေးဘူးလေရဲ့ ..။
ပြည့်စုံမှုမရှိတဲ့ ရင်ခွင်တစ်စုံ
ခုံမင်စွာတက်မက် လွမ်းတက်တဲ့
မိန်းမထဲမှာ မပါခဲ့မှန်းငါသိလိုက်တယ် ..။
အချစ်နဲ့သစ္စာတရား
လက်ဝယ်မှာထား
ဤကမ္ဘာမြေထု သက်သေပြုလို့
အော်လိုက်ချင်တယ်
ဘ၀ဆိုတဲ့ တိုက်ပွဲအောက်
ဘယ်တော့မှ ဒူးမထောက်ဘူးကွ…။

Posted on 6:01 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ချစ်ရဲ့အဝေး


ဖြူဖြူဖွေးဖွေး နှင်းပွင့်လေး
ပင်ယံထက်မှာ တွဲလွှဲခို
ရေစိုစိုလမ်းထက်မှာ
လျှောက်လှမ်းခဲ့အခါခါ
အဖြူရောင်သစ်ရွတ်တွေကြား
မောင်လျှောက်သွား
အပြင်မှာအေး
ရင်မှာနွေးလို့
တမ်းတကာလွမ်းဆဲ..။
မရဲ့အဝေး တနယ်တကြေး
အမြဲဆွေးလို့ လွမ်းရပါဘိ ။
အေးမြမြဒီရာသီ
အလီလီမြန်မြန်ပြောင်း
ချစ်ရိပ်ဆီခိုကာအောင်း
ဆုတောင်းခဲ့မိအခါခါ
ဘယ်အခါများမှ
ပေါင်းရမှာပါလိမ့်နော် ..။

Posted on 11:34 AM by စက်တင်ဘာကိုကို and filed under | 1 Comments »

အတွေးကမ္ဘာ


အိပ်ရာကထ သတိရတာမင်း
ဆက်လက်ငါလွမ်း
အလွမ်းတွေနဲ့ပြည့်နက်
တစ်နေကုန် နေကုန်လို့ငါလွမ်းဆဲ
မပြီးဆုံးတဲ့လွမ်းချင်းများ
ရစ်မူးနေဆဲ လွမ်းရိပ်ချုံ
ပုံးခိုစရာ နေရာမရှိ
အသိသတိတွေလှစ်ဟင်း
ပျော်ရွှင်စရာ အနာဂါတ်
တည်ဆောက်ခဲ့ ချစ်အိမ်ငယ်
အချစ်ကို ပျဉ်ပြားခင်း
မေတ္တာနဲ့သံမှိုရိုက်
သံယောစဉ်နဲ့ ဆေးသုတ်
သာယာတဲ့မူအတိနဲ့ အလှဆင်
နားလည်မှုနဲ့ ခြံခတ်လိုက်တော့
တို့နှစ်ယောက်ရဲ့ ချစ်အိမ်ငယ်
ဘယ်သူတွေနဲ့ နှိုင်းယှဉ်နိုင်မလဲနော် ॥။
ကြည်နူးမှုအတွေးဝယ်

နေ့ညတွေပြောင်းလဲ
မပြောင်းလဲခဲ့ ချစ်ခြင်းများ
အော် ငါ့ဘ၀ကလည်း
အတွေးတွေနဲ့ဘဲ တည်ဆောက်နေရပါလားနော် ..။

Posted on 11:23 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

ပေးဆပ်ပန်း


ပန်းဆိုတာ အရှုံးပေးခြင်းလား
တစ်စုံတစ်ခုကိုတောင်းဆိုခြင်းလား
အချစ်ကိုစတင်ခြင်းလား
လူနှစ်ယောက်ရဲ့ခင်မင်မှုကိုစတင်ခြင်းလား
ဘယ်လိုတွေအဓိပ္ပါယ်ရှိနေပါစေ
ငါပေးတဲ့ပန်းကတော့
ပေးဆပ်ခြင်းပန်းတစ်ပွင့်တဲ့ ..

Posted on 11:16 AM by စက်တင်ဘာကိုကို and filed under | 0 Comments »

မောင့်ချစ်သက်သေ ထူလို့နေ


တို့နှစ်ယောက်လျှောက်လှမ်း
ဒီခရီးလှမ်း ကြမ်းချင်ကြမ်း
ရမ်းချင်ရမ်း
အမြဲတမ်း မခွဲစတမ်း
ရှိပြီးသားပါ မေ ..

တို့တွေကျော်ဖြတ်
ဒီတစ်သက်
တွဲလက်တွေလည်း
မဖြုတ်ကြေးနော်

တို့တွေကြုံတွေ့
ဘ၀တစ်ကွေ့
ထားရှိသစ္စာ
တည်စေသား ….။။

ဓူဝံကြယ်ကိုဆွပ်ခူး
ပင်လယ်ပြင်ကို
လက်ပစ်ကူး
မောင့်ချစ်သက်သေ
ထူလို့နေ

ရှေးကစာသား
မေ့လို့ထား
ခုပြောစကား
အလေးထား

တို့တွေတွေ့ကြုံ့
ဒုက္ခအစုံ
ဒီရင်ကိုကော့
ခေါင်းကိုမော့
မေလက်ကိုကိုင်
မောင်ရင်ဆိုင်လို့
ပြေးတွေ့ပါမယ် ချစ်သူ …..။


Posted on 11:54 AM by စက်တင်ဘာကိုကို and filed under | 0 Comments »